24 C
Yangon

လားရှိုးမြို့နယ်တွင် ခမရ ၃၆၂ တပ်းရင်းမှ စစ်သား ၁ ဦး စစ်မတိုက်လိုသောကြောင့် လက်နက်ချ အလင်းဝင်

Must read

လားရှိုးမြို့နယ်တွင် ခမရ ၃၆၂ တပ်းရင်းမှ စစ်သား ၁ ဦး စစ်မတိုက်လိုသောကြောင့် လက်နက်ချ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၂ တပ်ရင်းမှ စစ်သား ၁ ဦး စစ်မတိုက်လိုသောကြောင့် လက်နက်ချ အလင်းဝင်ရောက်လာကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် TNLA ၏ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ ကုန်စုံကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သား ၁ ဦးသည် လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လာရောက် လက်နက်ချ အလင်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်သားသည် စကခ ၁၀ လက်အောက်ခံ၊ ခမရ – ၃၆၂ တပ်ရင်းမှ ဖြစ်ပြီး စစ်မတိုက်လိုသောကြောင့် လာရောက် လက်နက်ကျ အညံ့ခံခဲ့ခြင်း ဖြစ်​ကြောင်း၊ လက်ရှိချိန်တွင် ယင်းတပ်သားကို ဘေးကင်းရာ ပို့ဆောင်ထားပြီး၊ လမ်းစရိတ် ချီးမြှင့်ငွေ ၁၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article