အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၀
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “လက်နက်ရှိတိုင်း အနိုင်ကျင့်ဗိုလ်ကျလို့ရတယ်ဆိုတဲ့စနစ်ဆိုးကို ငါတို့ခေတ်မှာ ဖြိုချရမယ်၊ဒါမှအနာဂတ်မှာတိုင်းပြည်နဲ့လူမျိုးအားလုံး ကောင်းစားရမှာ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။