26 C
Yangon

ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရေစကြို ရေလယ်ကျွန်းဒေသတို့ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

Must read

ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရေစကြို ရေလယ်ကျွန်းဒေသတို့ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က လွိုင်ကော်မြို့ နှင့် လောပိတ အကြားရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်သူ လူငယ်ပိုင်းအရွယ် အမျိုးသမီး ၁ ဦး ထိမှန် သေဆုံးခဲ့ကြောင်းသိရ သည်။

အလားတူ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငွေတောင်အခြေစိုက် ခလရ -၁၀၂ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်းရှိ လူနေအိမ်တစ်လုံးကို ထိမှန် ပေါက်ကွဲခဲ့ပြီး အိမ်ထဲ၌ အိပ်နေသည့် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်က ဒီးမော့ဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ အများပြည်သူများ ပုံမှန်နေထိုင်သွားလာနေသည့် လမ်းမကြီးပေါ်နှင့် ဘေးဝဲယာနေရာများအား စစ် ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီး ဖြင့် ၃ ကြိမ်ခန့် လာရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ လမ်းသွားလမ်းလာ ပြည်သူများထဲမှ တစ်ဦးထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာအချို့ရရှိခဲ့ကြောင်း သိရသည်။

တိုက်လေယာဉ် ဖြင့် လာရောက် ပစ်ခတ်မှုပြုလုပ်ပြီးနောက် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ် ခတ်တိုက်ခိုက်ခြင်းများလည်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်မှ တိုက်ခိုက်ခဲ့သည့် နေရာ များသည် နှစ်ဖက်တပ်များ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့်အချိန် မဟုတ်သလို တိုက်ပွဲဖြစ်ပွား သည့် နေရာဒေသများနှင့်လည်း ဝေးကွာနေသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

ထိသို့ တိုက်ခိုက်မှုများသည် လက်နက်မဲ့ အရပ်သားပြည်သူများကို ရန်သူသဖွယ် သတ်မှတ်ကာ ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင် ခြင်းဖြစ် ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်၌ နိုဝင်ဘာလအတွင်း စစ်ကောင်စီမှ ပြည်သူများ နေထိုင်ရာကျေးရွာများကို ပစ်မှတ် ထားကာ လက်နက်ကြီး ပစ်ခက်တိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး ထပ်မံ၍လည်း တိုက်ခိုက်မှု များအား ပြုလုပ်လျက်ရှိရာ အများပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာဖြင့် သွားလာကြပါရန်နှင့် လက်နက်ကြီး အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်သည့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လုပ် ဆောင်ထားကြပါရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တိုက်တွန်းမေတ္တာရပ်ခံထား သည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာအချို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေလယ်ကျွန်းဒေသရှိ ကျေးရွာအချို့ကို ဗုံး ၄ လုံးကျဲချခဲ့ရာ ပထမတစ်လုံးမှာ မြေစွန်းတော်ကျေးရွာနှင့် ရွှေလှံကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ ဒုတိယတစ်လုံးမှာ ရွှေလှံကျောင်းအနီး ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိသော်လည်း ပြည်သူများ ကြောက်လန့်ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဇရပ်နီကျေးရွာအတွင်း၌ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ပျက်စီးကာ ပြည်သူ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း၊ မြောင်မြို့နယ်၊ မင်းလှ ကျေးရွာပေါ်အတွင်းတွင်လည်း ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ ကာ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article