နိုင်ငံတစ်ဝန်းမှ ပြည်သူများ “အောင်သပြေ လူထုလှုပ်ရှားမှုကြီး” တွင် ပါဝင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ယနေ့ ကျရောက်သည့် တစ်လေးလုံးနေ့ “အောင်သပြေ လူထုလှုပ်ရှားမှုကြီး”တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူများ ပါဝင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများက သပြေပန်းကို ပန်ဆင်ခြင်း၊ ရင်တွင် ထိုးခြင်း၊ ကိုင်ဆောင်ခြင်း၊ ဘုရားတွင် တင်ခြင်း၊ လှူခြင်း၊ စားပွဲမှာ တင်ခြင်း၊ အိမ်ရှေ့ ကပ်ဆွဲခြင်း၊ သပြေပန်း ကိုင်ဆောင်ပြီး လူထုသပိတ်များ ဆင်နွှဲခြင်း အစရှိသည့် အဆင်သင့်ရာ လှုပ်ရှားမှုများကို ကြိုက်နှစ်သက်သလို ဖော်ဆောင်နေပြီး အောင်သပြေလှုပ်ရှားမှုတွင် ပါဝင်နေသည့် ပြည်သူများမှ ၎င်းတို့၏ ပါဝင်မှုကို ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပေးပို့လာမှုများကို စုစည်း တင်ပြလိုက်ပါသည်။


