29 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ပေါက်မြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပေါက်မြို့ နယ်မှ ပခုက္ကူမြို့နယ်ကို ထွက်ခွာလာသော ‌ခြေလျင် အင်အား ၂၀၀ ကျော်နှင့် ယာဥ်အစီးရေ ၉၀ ကျော်ပါသည့် ယာဉ်တန်းသည် ရေပြာမှ သားကြီးတောင် ရေနံမြေ ကို ဆက်လက် ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက တပ်မတောင်‌၌ မိုင်းဆွဲ တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် Jumper စက်ဖြင့် မိုင်းရှင်းရန်အတွက် ထွက်ခွာ လာသည့် ရှေ့ပြေး အင်အား ၃၀ ကျော်ပါ စစ်သားများကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ထပ်မံ ဖြတ်သန်းလာတဲ့ ယာဉ်တန်းကိုလည်း မိုင်း ၃ လုံးပဒေသာ 1 ပွိုင့် ၊ ပဒေသာမိုင်း ၅ လုံး 1 ပွိုင့်တို့ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့​ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဂွေးချိုရွာ၌ တပ်စွဲနေထိုင်နေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါ ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်း​သွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO ၊ Shwe Nyar Myae PDF ၊ MRTF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article