လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် ပိတ်မိနေသော စစ်ဘေးရှောင် လူဦးရေ ၅၀၀၀ အထိတိုးလာ၊ တိုက်ပွဲများ အကြားတွင် ဒုက္ခသည်များ ၀ရုန်းသုန်းကားဖြစ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် ပိတ်မိနေသော စစ်ဘေးရှောင် လူဦးရေ ၅၀၀၀ အထိတိုလာပြီး တိုက်ပွဲများအကြားတွင် စစ်ဘေးရှောင်ပြည်သူ ထောင်ချီ ၀ရုန်းသုန်းကားဖြစ်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုကြသည်။
နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လောက်ကိုင် မြို့မှ ထွက်ပြေး တိမ်းရှောင်လာသော လောက်ကိုင်မှ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၅၀၀၀ ခန့် ကားနှင့် ဆိုင်ကယ်အစီးရေများစွာလည်း ရပ်ထားရကြောင်း သိရှိရသည်။
“ပတ်ပတ်လည်ကို လက်နက်ကြီးသံတွေ ကြားနေရတာပဲ။ လက်နက်ကြီး တစ်လုံးလောက်များ စစ်ဘေးရှောင်ပြည်သူတွေကြားမှာ ကျရင် အားလုံး သေဆုံးမှုတွေ အရမ်းများသွားမယ်။ ရှေ့လည်းတိုးမရ နောက်လည်း ဆုတ်မရ သေလည်း အေးတာပါပဲ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က လောက်ကိုင်ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ရေး စစ်ရေး အရှိန်အဟုန်မြှင့်တင် နေကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။


