29 C
Yangon

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီ တပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်

Must read

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီ တပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နန့်မယ်ခုံနှင့် နန်းစံခန်း တို့ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ၁၀၂၇ စစ်ဆင် ရေးနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးဆင်နွှလျက်ရှိသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကယားပြည်နယ်၏မြို့တော် လွိင်ကော်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတိုဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း ၇ ခုကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ အခြားသောစခန်းများအားလည်း ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော KNDF တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article