စစ်ကိုင်းတွင် ၁၁၁၁ လူထုလှုပ်ရှားမှု ပြုလုပ်၍ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
လူငယ့်အားမာန်သပိတ်ဦးဆောင်ကော်မတီနှင့် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ တို့ ဦးဆောင်ပြီး ‘၁၁၁၁’ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ပြည်သူများက ၁၀၂၇ စစ်ဆင်ရေးကို တခဲနက် ထောက်ခံအားပေးခဲ့ကြကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ သံပြိုင်ဟစ်အော်ရင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။