32 C
Yangon

လောက်ကိုင်မြို့အထွက်ရှိ စစ်ဘေးရှောင် ပြည်သူများရှိရာ ၁၀ တန်ဂိတ်ဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

လောက်ကိုင်မြို့အထွက်ရှိ စစ်ဘေးရှောင် ပြည်သူများရှိရာ ၁၀ တန်ဂိတ်ဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အထွက်ရှိ စစ်ဘေးရှောင် ပြည်သူများရှိရာ ၁၀ တန်ဂိတ်ဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ပိုင်းတွင် လောက်ကိုင်မြို့မှ စစ်ဘေးရှောင်လာသော ပြည်သူများရှိရာ လောက်ကိုင်-ချင်းရွှေဟော် လမ်းပိုင်းရှိ ၁၀ တန်ဂိတ်အနီး ပါစင်ကျော်နှင့် ရွှေရင်ဇင်း အကြားရှိ ဆီဆိုင် အနီးကို လောက်ကိုင်မြို့နယ်၊ ဒေသ စစ်ဆင်ရေးနှင့် ကွပ်ကွဲမှု ဌာနချုပ် (ဒကစ) ထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော​ကြောင့် စစ်ဘေးရှောင် ပြည်သူ ၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” အမျိုးသမီး ၅ ဦးသေဆုံးတယ်လို့သိရတယ်။ ခြေပြတ် လက်ပြတ် ဒဏ်ရာရတာလည်းများတယ်။ လူကအုပ်လိုက်ကြီး ဆိုင်ကယ်တေကော ကားတွေကောဆိုတော့ လောက်ကိုင် ဒစက ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာလို့ သိရတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

စစ်ဘေးရှောင် ပြည်သူများသည် လောက်ကိုင်မြို့အတွင်း ပြန်လည် ဝင်ရောက် သူများလည်း ရှိပြီး ခြေဦးတည့်ရာ ထွက်ပြေးသူများလည်းရှိကြောင်း၊ သေဆုံးသွားသော ပြည်သူများ၏ ရုပ်အလောင်းများကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article