34 C
Yangon

ကရင်နီတွင် တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေ

Must read

ကရင်နီတွင် တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေ

ရန်ကုန်၊ နိုဝင်ဘာ၁၁

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက်လေယာဉ်မှ လေယာဉ်မှူး ၂ ဦးကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှာဖွေနေကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုအနီးတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သည့် လက်နက်ကိုပါ အတည်ပြုထားကြောင်း သိရှိရသည်။

“အတည်ပြုလို့တော့ရပြီ၊ ပျက်ကျတာကမှန်တယ်၊ KNDF စစ်ရေးချုပ်နဲ့ KA က စစ်ရေးချုပ်က ဘယ် သေနတ်နဲ့ ပစ်တယ်ဆိုတာ ပို့တဲ့စာတစ်စောင်ရှိတယ်ဆိုတော့ အဲအတည်ပြုလို့ရတယ်ပေါ့၊ တိုက်လေ ယာဉ်ပျက်ကျတဲ့ကိစ္စက၊ နေရာက ဖရူနားမှာလို့ပြောတယ်၊ ဒီးမော့ဆိုအောက်က ဖရူဆိုမှာ၊ လေယာဉ် အမျိုးအစားတော့မသိဘူး၊ ပုံတော့ ပြတယ်၊ လေယာဉ်မှူးနှစ်ယောက်ကိုတော့ ဟတ်စကီးနဲ့ လိုက်ရှာ နေတယ်လို့ပြောတယ်၊ ဒီညတော့ မရသေးဘူး၊ မနက်ဖြန်မှ သိရမယ်ထင်တယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article