ပုလဲမြို့နယ်တွင် အောင်သပြေ လူထုလှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ပုလဲမြို့နယ်တွင် အောင်သပြေ လူထု လှုပ်ရှားမှုအဖြစ် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အောင်သပြေ လူထုလှုပ်ရှားမှုများကို ပုလဲလူထုသပိတ်ကော်မတီ က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး သပိတ်ကော်မတီဝင်များ နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် မှ သပိတ်တရားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။