24 C
Yangon

ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျေးရွာများတွင် စစ်တပ် စစ်​ကြောင်းများ တပ်စွဲထား၍ ကျေးရွာ ၁၁ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျေးရွာများတွင် စစ်တပ် စစ်​ကြောင်းများ တပ်စွဲထား၍ ကျေးရွာ ၁၁ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းများ တပ်စွဲထား၍ ကျေးရွာ ၁၁ ရွာကျော်က သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦး-ဒီပဲယင်းမြို့နယ် အကြားရှိ မုတ်စီရွာနှင့် မူးဆုံရွာတို့တွင် တပ်စွဲထားပြီး ရေဦး-မုံရွာ လမ်းပိုင်းကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လမ်းပိုင်းကို ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းသည် ဒီပဲယင်းမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်ကောင်စီ တပ်သားများ ရေဦးမြို့ကို ဆုတ်ခွာ ထွက်ပြေးနိုင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများ၊ အင်းပတ်ကွေ့၊ မူးတိမ်ချောင်း၊ မြင်းဒေါင်းဂိတ်တို့မှ စစ်ကောင်စီ တပ်သားများလည်း ရေဦးမြို့ကို ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မစိုးရိမ်ရွာ၊ အောင်သာရွာ၊ မူးဆုံရွာ၊ မုတ်စီရွာ၊ ငြုတ္တုံရွာ၊ ကုန်းကြီးရွာ၊ ကုန်းတန်းရွာ၊ နှောကုန်းရွာ၊ ရွာမိဿာရွာ၊ ကုန်းသာရွာနှင့် ရွာသစ်ရွာ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာတချို့မှ ပြည်သူများသည် နံနက်ပိုင်းတွင် ရွာကို ပြန်ဝင်ပြီး ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်၍ ရွာပြင်ဘေးလွတ်ရာကို ထွက်အိပ်နေရကြောင်း သိရသည်။

” ၁၀ ရက်နေ့ကတည်းက ဒီပဲယင်းက စစ်ခွေးတွေက ရေဦးနယ် အနောက်ဘက်ခြမ်း ရေဦးမြို့နဲ့ ဒီပဲယင်းမြို့ အကြားမှာရှိတဲ့ မုတ်စီရွာနဲ့ မူးဆုံရွာတို့ကို အပိုင်စီးထားတယ်။ အ​ဲ့ ၂ ရွာက ရေဦး-မုံရွာ ကားလမ်းဘေးမှာရှိတဲ့ ရွာတွေပဲ ဒီပဲယင်းက စစ်ခွေးတွေကို ရေဦးမြို့ကို အင်အားဖြည့်တင်းစုစည်းဖို့နဲ့ အလွယ်တကူသွားလာလို့ရအောင် မုတ်စီရွာနဲ့ မူးဆုံရွာ ကားလမ်းပိုင်းကို အပိုင်သိမ်းအထိုင်ချထားတယ်လို့ ခန့်မှန်းရပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

မုတ်စီရွာနှင့် မူးဆုံရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းအနောက်ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူ ၈ ဦးနှင့် ရေဦးအနောက်ခြမ်း မစိုးရိမ်ရွာမှ တော်လှန်ရေး ရဲဘော် ၂ ဦးနှင့် စစ်ဘေးရှောင် ပြည်သူ ၂ ဦးတို့ကိုလည်း ခေါင်းဖြတ် မီးရှို့ သတ်ဖြစ်ခဲ့သော စစ်​ကြောင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article