သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၉ ရက် နံနက် ၄ နာရီခန့်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွက်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၌ အခိုင်အမာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၉ လုံးချပြီး နောက် မီတာ ၃၀ အကွာမှ အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ် သား ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်ကာ သိမ်းဆည်းရန် ကြိုးစားခဲ့သော် လည်း တိုက်ပွဲချိန်မလုံလောက်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများအပြင် ကား ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ ၊ ဗိုလ်ကင်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်(ပကဖ) တောဆင်ရိုင်းတပ်ဖွဲ့နှင့် Northern Tiger Group (NTG) တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


