ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စဥ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ SintKaing Revolution Force – SRF ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force – MMU ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ၊ ငါန်းဇွန် 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ နှင့် ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
