26 C
Yangon

Breaking News- မင်းပြားတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၂စီးလုံးကို သိမ်းပိုက်ရရှိ၊ ရသေ့တောင် ဒုံးပိုက်စစ်တပ်စခန်းကို AA က သိမ်း ပိုက်

Must read

Breaking News- မင်းပြားတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၂စီးလုံးကို သိမ်းပိုက်ရရှိ၊ ရသေ့တောင် ဒုံးပိုက်စစ်တပ်စခန်းကို AA က သိမ်း ပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကား ၂ စီးကို AA က မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မင်းပြားမြို့နယ်မေလွမ်းနှင့် ဇောက်ချောင်းအကြားတွင် စစ်သားများ တင်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကား ၂ စီးလုံး မိုင်းထိမှန်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး စစ်ကား ၂ စီးလုံးကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်၏ နယ်ခြားစောင့် စစ်စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိထားကြောင်း၊ ယခုအခါ စခန်းကို မီးရှို့ရှင်းလင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် ၂၀၁၉- ၂၀၂၀ တိုက်ပွဲ ကာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article