Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ ရဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်မှာ စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူလိုက်ပြီဖြစ်တယ်လို့CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ Tio စစ်စခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့တွေကနေ တိုက်ခိုက်သိမ်းပိုက်တဲ့အချိန် အဲ့ဒီ့ စခန်းက စစ်သား ၃၉ ဦးဟာ လက်နက်တွေ နဲ့အတူ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်သွားတဲ့အတွက် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ CNA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
– ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်အကြား နိုဝင်ဘာ ၁၃ ရက်နေ့ ဖြစ်တဲ့ မနေ့က တစ်ရက်တည်းမှာပဲ တိုက်ပွဲ ၅ နေရာ ဖြစ်ပွားခဲ့ပြီး ၊ ဒီကနေ့ မနက်ပိုင်းမှာတော့ ချိန်ခါလီ ရဲစခန်းကို ရခိုင့်တပ်တော် AA ကနေ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။