27 C
Yangon

ထီးချိုင့်မြို့နယ်၊ ကျေးရွာများကို စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံး၊ မြို့ပေါ်တွင်လည်း ပြည်သူများ သေဆုံးမှုများရှိ

Must read

ထီးချိုင့်မြို့နယ်၊ ကျေးရွာများကို စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံး၊ မြို့ပေါ်တွင်လည်း ပြည်သူများ သေဆုံးမှုများရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့​​ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ရွာနှင့် အလယ်တောရွာကို အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲခဲ့သောကြောင့် အင်းတိန်ရွာမှ အမျိုးသား ၂ ဦးနှင့် အလယ်တောရွာမှ ကလေးငယ်များအပါအဝင် အမျိုးသမီး၊ အမျိုးသား ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က သခွတ်ချောင်း၊ ဘုန်းကြီးကျောင်း နှင့် ကိုးတဲရွာ တို့ကို လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၁ နှစ် ခွဲ ကလေးငယ် တစ်ဦး၊ ၅ နှစ်အောက် ကလေးငယ် ၂ ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ထီးချိုင့်မြို့ နယ်ထဲက ရွာတွေကို စစ်ခွေးတွေက ဗုန်းကျဲနေပါတယ်။ ဒီနေ့ ပြည်သူတွေ သေဆုံးမှု ပိုများတယ်လို့ သိရတယ်။ ဒီနေ့ ဗုံးကျဲခံရတာက အလယ်တောရွာနဲ့ အင်းတိန်ရွာပါ အားလုံးပေါင်း သုံးကြိမ် ကျဲသွားတယ် အခု လောလောဆယ် သိရသလောက် အလယ်တောရွာက ပြည်သူ ၉ ဦး နဲ့ အင်းတိန်ရွာက ပြည်သူ ၂ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထီးချိုင့်မြို့ပေါ်တွင်လည်း ပြည်သူများ သေဆုံးမှုရှိသော်လည်း လက်ရှိအခြေအနေအထိ အရေအတွက်ကို မသိရှိရသေးကြောင်း၊ ထီးချိုင့်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထီးချိုင့်မြို့ပေါ်မှ အပျက်အစီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article