27.1 C
Yangon

ရှမ်းမြောက်မှ PDF တပ်ရင်းတစ်ခုအတွက် စစ်လက်နက်နှင့် အသုံးအဆောင်များ ဝယ်ယူရန်အတွက် တောင်ကြီးမြေကွက် ဆုမဲရောင်းချ

Must read

ရှမ်းမြောက်မှ PDF တပ်ရင်းတစ်ခုအတွက် စစ်လက်နက်နှင့် အသုံးအဆောင်များ ဝယ်ယူရန်အတွက် တောင်ကြီးမြေကွက် ဆုမဲရောင်းချ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် ရှမ်းမြောက်ဒေသမှ PDF တပ်ရင်းတစ်ခုတွင် စစ်လက်နက်နှင့် အသုံးအဆောင်များ ဝယ်ယူရန်အတွက် ဆုမဲများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆုမဲစီစဉ်သည့် ဒေါ်မေသင်္ကြန်ဟိန်က ပြောသည်။

ဆုမဲများကို နိုဝင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ရောင်းချမည်ဖြစ်ပြီး ဆုမဲများမှာ ပထမ ဆုအဖြစ် တောင်ကြီးရှိ မြေကွက် ၊ ဒုတိယ ဆု ရွှေဆွဲကြိုး ၁ ကုံး နှင့်ပုလဲလော့ကတ်သီး၊ တတိယဆု ရွှေနားကပ် ၁ စုံ နှင့် ရွှေမောင်းကွင်း လက်စွပ် ၁ ခု ၊ စတုတ္ထဆု ဟန်းချိန်း ၊ အထူးဆု တစ်သက်တာအတွက် ယတြာ အစီအရင် ၃ မျိုး ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မဲဝယ်ယူလိုသူများ ၁ စောင်လျှင် မြန်မာငွေ ၃ သောင်း၊ စင်ကာပူဒေါ်လာ ၃၀ ၊အမေရိကန်ဒေါ်လာ ၃၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ မဲ အရေအတွက် အစောင် ၂၅၀၀ တိတိ ရောင်းချမည်ဖြစ်ကြောင်း ၊ ဆုမဲဝယ်ယူရန်အတွက် Page Link- https://www.facebook.com/MayThingyanHei?mibextid=LQQJ4d တွင် ဆက်သွယ်နိုင်မည် ဖြစ်ပြီး KBZ Pay ၊ Wave Pay ၊ NUG Pay ၊ Singapore – Paynow ၊ U.S – Zelle တို့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article