27 C
Yangon

မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အလင်းဝင်

Must read

မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက် နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲ လုပ်သက် ၁၃ နှစ် ရှိသူ ရဲဒုတပ်ကြပ် ရဲဇော်ဦး မှ မြိုင်-ပကဖ ၊ CDF ဟားခါး တပ်ရင်း၂ – တပ်ခွဲ ၅ ၊ ဂန့်ဂေါခရိုင် တပ်ရင်း-၁၉ ထံသို့ဆက်သွယ်လာကာ G3-၁ လက် ၊ ကျည် ဘောက် – ၁ ခု၊ ကျည် – အတောင့် ၁၅၀ နှင့်အတူ ချက်ချင်းအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသူ ဒုတပ်ကြပ် ရဲဇော်ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ် ပေးအပ်ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပေးပိုထားကြောင်း၊ စစ်သား ၊ ရဲများ အနေဖြင့် ပြည်သူလူထုရင်ခွင်ထံသို့ အသာ တကြည် အလင်းဝင်ရောက်ကြရန် နှိုးဆော်တိုက်တွန်းပါကြောင်း နှင့် တော်လှန်ရေး တိုက်ခိုက်ရေးအဖွဲ့ များ ၁၀၂၇ အားထောက်ခံသောအားဖြင့် တိုက်စစ်ဖွင့်တော့မည်ဖြစ်၍ မသေလိုလျှင် လက်နက်နှင့် တကွ အလင်းဝင် ရောက်ကြရန် မြိုင်ပကဖ က ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article