ပေါက်၊ ရေစကြိုနှင့် မြင်းမူမြို့နယ်တို့ရှိ စစ်တပ်အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေ ဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၄
မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နို၀င်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးချို ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းနှင့် ပေါက်မြို့နယ်၊ အင်ပင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်တို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦးသေဆုံးပြီး ယင်းတိုက်ခိုက်မှုကို တပ်ရင်း ၁၇ တပ်ခွဲ ၂ MRTF ၊ မြိုင် (ပကဖ) ၊ RPTF ၊ Freedom Fighter ၊ Joker ပြောက်ကျား တပ်ဖွဲ့ (မြိုင်) တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။ တပ်ရင်း အမှတ် ၁၇ မဟာမိတ်တပ်ပေါင်းစု၊ Middle Revolution Task Froce-MRTF မှ Drone ဖြင့် ဆပ်စပ်သောပစ္စည်းများ ဖြည့်တင်းရန်အတွက်နှင့် နည်းပညာအဆင့်မြှင့်တင်ရန် အ တွက် လိုအပ်သည်များကို ပါဝင်လှူဒါန်းကြရန် မေတ္တာရပ်ခံထားသည်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အထက ၁ စာသင်ကျောင်း၊ မြင်းမူဘဏ်နှင့် ထီးဆောင်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်က မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ အထိုင်ချ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို SHAR HTOO WAW နည်းပညာမြင့် မောင်းသူမဲ့ လေ ယာဉ်ငယ်ဖြင့် လေးကြိမ်တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ် ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှုရှိနိုင်ကြောင်း သိရသည်။
အဆိုပါ DROP FOR JUSTICE – DFJ (SHAR HTOO WAW)နှင့် People Defence force Myinmu တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကို အထိနာစေမည့် တိုက် ခိုက်မှုမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ပိုမိုပူးပေါင်းပါဝင်ပေးကြ ပါရန် ထုတ်ပြန်ထားသည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် မြင်းမူမြို့၊ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် မြင်းမူမြန်မာ့ စီးပွားရေးဘဏ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပြည်သူ့ရင်ခွင်သို့ ခိုလှုံရန် ( ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆိုကြ ပြည်သူ့ရင် ခွင် ခိုလှုံကြ) စာရွက်ရေ ၃၀၀ ကျဲချ သတိ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျဲချသတိပေးခဲ့သည်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေနတ်ပစ်ဖောက်နေသဖြင့် မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီး ၁ လုံး ထပ်မံကျဲချခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာချနိုင်ခဲ့သော်လည်း ထိခိုက်မှု အသေးစိတ်ကို မသိရသေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို PEOPLE DEFENCE FORCE MYINMU -MMUPDF ၊Shar Htoo Waw နည်း ပညာတပ်ဖွဲ့များဖြစ်ကြသော စစ်ကိုင်း Team 6 DROP FOR JUSTICE အဖွဲ့သားများ၊ တောင်ပိုင်းတိုင်း Team 4 KLOUD Team နှင့် နယ်မြေဒေသ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
