29 C
Yangon

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမ ၊ ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ကယ်ထုတ်

Must read

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမ ၊ ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ကယ်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမ ၊ ဝန် ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ကယ်ထုတ်ပေးခဲ့ရကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၊ ပြည်ထဲရေးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် Non-CDM များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးသားပြုစုထားသည့် CDM နိုင်ငံ့ဝန်ထမ်းဆို်ငရာ မူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုးကား၍ သော်လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍ သော်လည်းကောင်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီကမူ ကရင်နီတော်လှန်ရေးတပ်များက လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို အရပ်ဘက်ပစ်မှတ် အဖြစ် တိုက်ခိုက်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေချိန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယင်းသို့ သတင်းထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article