Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်း အင်အား ၂၆၂ ဦး MNDAA ဆီမှာ အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ MNDAA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း ကောလင်းမြို့အတွင်း ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ပြီဖြစ်တယ်လိူ့ NUG အစိုးရရဲ့ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
– ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားဘဏ်မှ ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က စာရင်း မှတ်တမ်းတင်သိမ်းဆည်းထားတယ်လို့ ကြားကာလဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ပြောဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်