Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့ပေါ်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အားလုံး ထွက်ပြေးသွားကြပြီး ၊ သီပေါမြို့နယ်ရဲ့ ၃ ပုံ ၂ ပုံလောက်ကို TNLA တပ်တွေကနေ စိုးမိုးထား လိုက်ပြီ လို့သီပေါမြို့နေ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမုံးညဲမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ-၁၂၃ တပ်ရင်းအထိုင်စခန်းကြီးကို KIA ကနေ ထပ်မံ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ တိုက်ပွဲအတွင်း အကြမ်း ဖက် စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေသွားတဲ့အပြင် ၊ လက်နက်ခဲ ယမ်းအမြောက် အမြားကိုပါ သိမ်းဆည်းရရှိထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– ချင်းပြည်နယ်က ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံပြီး လက်နက် ၃၀ ကျော် အပါအဝင် ခဲယမ်းတွေဟာ တောင်ပုံ ယာပုံရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။