28 C
Yangon

လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟု MNDAA က ကြေညာ

Must read

လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟု MNDAA က ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ကိုးကန့် MNDAA က ယမန်နေ့တွင် ကြေညာထားသည်။

လောက်ကိုင်မြို့ကို ဝန်းရံထားနိုင်သော အခြေအနေ ရောက်က်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် လောင်ကိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း ၊ ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင် စည်းကမ်းနှင့် မြို့တွင်းဝင်ရောက်ချိန်တွင် လိုက်နာရန် သတ်မှတ်ထားသော စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်။ နိုင်ငံခြားသားများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရန်၊ အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်းများက ဖမ်းဆီးထားသောဓားစာခံများကို ကယ်တင်ရန် ပါဝင်ကြောင်း သိရှိရသည်။

လောက်ကိုင် မြို့တွင်းသို့ဝင်ရောက်ပြီးနောက် ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသားများကို တရုတ်အစိုးရသို့ထံသို့ လွှဲပြောင်းရန်၊ ၄င်းငွေလိမ်ဂိုဏ်းများကို ကာကွယ်ပေးနေသူများကိုထိရောက်စွာ အရေးယူ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို လက်လွတ်စဖွယ် သတ်ဖြတ်ခြင်း မပြုရရန် နှင့် ၎င်းအချက်ကို တပ်ဖွဲ့ဝင်အားလုံး တင်းကျပ်စွာလိုက်နာရမည်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ရေးလုပ်ရှားမှုဧရိယာအတွင်း ရောက်ရှိ​နေသော တရုတ်နိုင်ငံသားများနှင့် တရုတ်ဂက်(စ်)ပိုက်လိုင်းကို ထိခိုက်မှုမရှိစေရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article