27 C
Yangon

ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

■ စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲခြင်း​ကြောင့် ဇီးပင်စခန်းရွာရှိ စားသောက်ဆိုင် ထိခိုက်ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းနှင့် နောင်ပိန် အကြား ဇီးပင်စခန်းကျေးရွာရှိ ဧဒင်ဥယျာဥ် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်၏ စကခ ၁ က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဥ်ဖြင့်ပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ​ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ် လျက်ရှိကြောင်း သိရသည်။

“ကျောက်မဲမြို့ ပတ်ဝန်းကျင်မှာတော့ ဖြစ်လိုက် နားလိုက်ပဲ ဂုတ်တွင်း နောင်ပြစ်ကျေးရွာလမ်းခွဲမှာတော့ တိုက်ပွဲဖြစ်နေတယ်။ ဒီနေ့ စစ်ခွေးတွေ ဂုတ်တွင်းနဲ့ နောင်ပိန် အကြားက ဇီးပင်စခန်းကျေးရွာမှာရှိတဲ့ ဧဒင်ဥယျာဥ် စားသောက်ဆိုင်ကို ဗုံးကျဲလို့ ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article