32 C
Yangon

ကန့်ဘလူမြို့နယ်ရှိ နတ်အင်းရွာနှင့် ဝက်တိုး(မ)ရွာရှိ ပျူစောထီး အထိုင်စခန်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

Must read

ကန့်ဘလူမြို့နယ်ရှိ နတ်အင်းရွာနှင့် ဝက်တိုး(မ)ရွာရှိ ပျူစောထီး အထိုင်စခန်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်အင်းရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ နတ်အင်းရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့် တပ်စွဲထားသော ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့များက ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နတ်အင်း ပျူစောထီး ကျေးရွာအထိုင် စခန်း၌ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ကတုတ်ကျင်းတူးခြင်း၊ ဘန်ကာဆောက်ခြင်းများ အသည်းအသန်ပြုလုပ်နေ၍ သွားရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ၊ ပျူစောထီးများ လုပ်အားပေးတည်ဆောက်နေသည့် ဘန်ကာနားကို ၈၁ မမ ၁ လုံးကျရောက်ခဲ့ပြီး ပျူစောထီးများ အထိအခိုက်ရှိနိုင်ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို KBU -UG အဖွဲ့နှင့် မြေပြင် Local အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ ဟောင်ဝစ်ဇာတစ်လုံးပစ်ကူပေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကန့်ဘလူမြောက်ခြမ်း ချပ်ကုန်းရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာခဲ့ပြီးနောက် ၎င်းတို့ စိုးမိုးထားသည့်နေရာများတွင် ကတုတ်ကျင်းများ တူးခြင်း၊ ဘန်ကာများ ဆောက်ခြင်း အလွန်အကျွံပြုလုပ်နေပြီး ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့ပေါ်မှာ ပြည်သူများကိုလည်း အကြောင်းပြချက်မရှိ ခရီးသွားခွင့်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း၊ ထို့ပြင် ကန့်ဘလူမြို့နှင့် ဇီးကုန်းမြို့များရှိ အထပ်မြင့်တိုက်များတွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများတပ်ဆင်၍ အလှည့်ကျနေရာယူထားကြောင်းလည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် ကန့်ဘလူမြို့​ တောင်ဘက် ထန်းကုန်းတိုက်နယ် ဝက်တိုး(မ)ရွာရှိ ပျူ​စောထီးအထိုင်စခန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကာ ကာဘိုင်နှင့် ပြောင်းချော သေနတ် ၁၀ လက်ခန့် သိမ်းဆည်းရရှိကြောင်း Infinity Group ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article