27 C
Yangon

ရွှေဘို၊ မုံရွာနှင့် ပခုက္ကူ တို့ရှိ စစ်တပ်စခန်း၊ ယာဉ်တန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရွှေဘို၊ မုံရွာနှင့် ပခုက္ကူ တို့ရှိ စစ်တပ်စခန်း၊ ယာဉ်တန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ အနောက် ဘက်ရှိ ကင်းစခန်းတစ်ခုအား ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ၊တိမ်လွှာ အဖွဲ့ ၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊ တောင်သူကြီး များအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးဂိတ်စခန်းနှင့် ပေါက်မြို့နယ်မှ ထွက်လာသော စစ်ယာဉ်တန်း ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် နေ့က ပခုက္ကူမြို့နယ်ရှိ ညောင်ဂျစ်ပင်ပျူစောထီးစခန်းနှင့် ပေါက်မြို့ နယ်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဝေဟင်မှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီးပျက်စီးပြီး သွေးကွက်များကျန်ခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ MRTC (မြိုင်)၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ ၊ Black Cobra Force Pakokku ၊ Thurain-TR နှင့် Young Force (UG) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်ရဲစခန်း၊ စွမ်းရည်ထက်ဆီဆိုင်အထိုင်စခန်းနှင့် ညောင်ဖြူပင်ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army(BHA) တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က အကြမ်းဖက်စစ်သား အင်အား ၄၅ ဦးခန့်ဖြင့် ခြေကုတ်ယူတပ်စွဲထားသော စွမ်းရည်ထက် ဆီဆိုင် အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး၊ နိုဝင်ဘာလ ၁၃ ရက် နံနက် ၉ နာရီခန့်က အကြမ်းဖက်စစ်သား အင်အား ၃၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ဖြူပင်ရဲစခန်း နှင့် နိုဝင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော အမြင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု ကြားသိရကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၄ ၊ တပ်ခွဲ ၃ တိမ်တမာန် လေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့၊ မုံရွာ ခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၂ CHINDWIN FIGHTER GROUP.CGF၊ BRAVE HEART ARMY- BHA နှင့် ဗန္ဒုလနှင့်အဖွဲသားများ တပ်ဖွဲ့တို့ ပူးပါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article