29 C
Yangon

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

Must read

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မတူပီမြို့နယ်၊ ဝေလူးကျေး ရွာရှိ ကျောင်းအဆောက်အဦးနှင့် ခရစ်ယန်ဘုရားရှိခိုးကျောင်းကို တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ထို သို့ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၂ ဦးသေဆုံးကာ ဒဏ်ရာရသူများ များပြားကြောင်း သိရှိရသည်။

“စစ်ရေးလှုပ်ရှားတဲ့ AAနဲ့ CNA/CDF တွေကတောထဲမှာ။ အခုက ကျေးရွာကိုတမင်ဗုံးကျဲတာပါ။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၁ရက်နေ့ကလည်း မကွီအိမ်နူးမြို့ ကို တစ်ရက်တည်း ၇ခါ ဗုံးကျဲလို့ အထက်တန်း ကျောင်းဆောင်၊ မက်ဒသစ် ဘုရားကျောင်း၊ ဗရက်စ် ဘုရားကျောင်း၊လူနေအိမ် ၂၀ကျော်ပျက်စီးတယ်။ လူသေဆုံးမှုတော့မရှိခဲ့ဘူး။ အခုကတော့ လူသေဆုံးမှုများတယ်။ သေဆုံးသူက ကျောင်း ဆရာရယ်။ ကလေး ၃ ယောက် ၊ လင်မယား ၂ ဦးနဲ့ ရွာသား ၆ ဦးပေါ့။ သေဆုံးသူတွေက ကိုယ်ခန္ဓာအပိုင်းစတွေ ဖြစ်သွားတော့ ဘယ်သူတွေဆိုတာ အတည်ပြု မရတော့ဘူး” ဟု ဒေသပြည်သူက ရှင်းပြသည်။

ဝေလူးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာတွင် လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ် ၁ စီးက ဗုံးကျဲချကာ အခြားလေယာဉ် တစ်စီး က စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကွယ်လွန်ခဲ့ရသော ကျောင်းဆရာနှင့် ကလေး ၂ ဦ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article