30 C
Yangon

မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ကလေးငယ် ၁ ဦးနှင့် လူကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က စတင်ကာ ကျင်စန်းကျော့ရွာဘက်ကို တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းနှင့် ကျင်စန်းကျော့ မူဆယ် သွားလမ်း ကျောက်တိုင်လမ်းဆုံအနီး တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန်ဘ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင် ဗျုဟာကုန်းမှ လက်နက်ကြီးများဖြင့် ၁၀၅ မိုင် အနောက်ဘက် မန်မော်ဘက်ကို ပစ်ခတ်ခဲ့ရာ မန်မော်ရွာနှင့် မိုင်းယု ၁၀၅ မိုင်ရွာ ထဲကိုကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်ရွာထဲကို စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီး ကျလို့ ကလေး ၁ ဦးနဲ့ လူကြီး ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ ဗုံးခိုကျင်းပေါ်တည့်တည့်ကျတာ ကျင်းထဲ ထိမရောက်လိုက်လို့” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article