ကလေးမြို့နယ်၊ မန္တာရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မန္တာကျေးရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၅ ရက်နေ့က ကလေးမြို့နယ်၊ မန္တာကျေးရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦးသည် ကာဘိုင် သေနတ် ၂ လက်၊ ကာဘိုင် ကျည် ၂၀၉ တောင့်၊ G3 ကျည် ၅ တောင့်နှင့်အတူ ဂန့်ဂေါမြို့နယ်၊ ခရိုင် တပ်ရင်း အမှတ် ၁ ၊ အမှတ် ၇ ၊ အမှတ် ၁၁ ၊ အမှတ် ၁၂ ၊ အမှတ် ၁၄ ၊ အမှတ် ၁၉ တို့ထံ အလင်း ဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် ပျူစောထီးများကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လက်နက်အပ်နှံ ပွဲနှင့် ဆုငွေချီးမြှင့်ပွဲအခမ်းအနားကျင်းပ ကြိုဆိုလက်ခံခဲ့ကြောင်း၊ ယင်းအခမ်းအနားသို့ ဂန့်ဂေါခရိုင် အမှတ် ၁ ၊ အမှတ် ၁၂ ၊ အမှတ် ၁၄ တပ်ရင်းမှ ဒုတပ်ရင်းမှူးများမှ ဂန့်ဂေါမြို့နယ် တပ်ရင်း ၆ ရင်းကိုယ် စား တက်ရောက်ကာ ဂုဏ်ပြုပေးခဲ့ကြောင်း သိရှိရသည်။