ကယားရှိ စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
ရန်ကုန်၊နိုဝင်ဘာ ၁၇
ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့ကို စေတနာ့ဝန်ထမ်း(အဝယ်တော်)မှ လှူဒါန်းပေးသော ထမင်း၊ကြက်ဥခရမ်းချဉ်သီးချက်၊သီးစုံပဲကုလားဟင်း၊ ငပိကြော်တို့ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။