မြောင်ရှိ ကျောက်ရစ်စခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး၊ ဆီမီးခုံရေနက်ဆိပ်ကမ်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၄ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် ဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို “Shar Htoo WAW”နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် လက်လုပ် အီနာဂါ ၁၅ လုံး၊ ”MSPDF” ထုတ်လက်လုပ် “ROCKET” ၁၆ လုံး၊ ၆၀ မမ ၂၅ လုံးတို့နှင့်အတူ လက်နက်ငယ်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ရဲစခန်းရော၊ ဆေးရုံရောပစ်ခဲ့တာဗျ၊ စခန်းတွေတော့ ထိမှန်ခဲ့တယ်၊ ရော့ကတ်က လက်လုပ် အသေး လေးတွေနဲ့ ပစ်တာ၊ စခန်းတွေထဲ အတိအကျတော့ ကျတယ်၊ မနေ့ညကရော၊ ဒီနေ့တနေကုန်ရော မိုးက ရွာနေတာဆိုတော့ ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး သတင်းက မေးလို့မရဘူးသေးဖြစ်နေတာ” ဟု စစ် ကိုင်း ခရိုင် တပ်ရင်း ၄ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF/MSDF၊ မြင်းခြံခရိုင် အမှတ် ၁ တပ် ရင်း ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁ – မြေလတ် PDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၊ MBTT နှင့် မြောင်မြို့နယ်ကျေးရွာ တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီခုံရေနက် ဆိပ်ကမ်း ၌ အထိုင်ချ တပ်စွဲထားသော ရေတပ်စခန်းနှင့် စစ်သင်္ဘောများကို Shar Htoo Waw နည်းပညာအသုံးပြု Fixed Wing Drone ၅ စီးဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာ(Team-2)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပြည်သူလုံခြုံရေး တပ်ဖွဲ့ (ပလဖ)နှင့် Super Fighter PDF (ရေစကြို)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
