32 C
Yangon

ကျိုက်မရောမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ချောင်းနှစ်ခွတံတားကျိုးကျ၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

ကျိုက်မရောမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ချောင်းနှစ်ခွတံတားကျိုးကျ၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ချောင်းနှစ်ခွတံတား(ခေါ်) အတ္တရံတံတားသည် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် တံတားကျိုးကျသွားကြောင်း တော် လှန်ရေးတပ်ဖွဲ့များကို ဦးဆောင်နေသည့် Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရော၊ မုဒုံမြို့တို့ကို ဆက်သွယ်ထားသော ချောင်းနှစ်ခွတံတား(ခ) အတ္တရံတံတားသည် တော်လှန်ရေးတပ်ဖွဲ့များသိမ်း ပိုက်ထားစဉ် စစ်တပ်က လေယာဉ်များဖြင့် ဗုံးများကျဲချသဖြင့် တံတားမှ ကျိုးကျပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

” တံတားကျိုးကျတာကို အတည်ပြုလို့ရတယ်။ ရန်သူ့ဘက်ကနေ လေယာဉ်နဲ့လာကျဲသွားတာ။ အခုထက်ထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အရှိန်အဟုန်မြင့်နေတယ်” ဟု Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖက်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ညနေတို့တွင် စစ်ကောင်စီက လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ကွန်မန်ဒိုတပ်ဖွဲ့များကို လေထီးများဖြင့် ချထားပေးကြောင်း၊ ယနေ့တွင်လည်း ဆက်လက်၍ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း၊ ဒေသပြည်သူများ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article