24 C
Yangon

ကဝမြို့နယ် ခမရ ၅၅၉ မှ အလင်းဝင်ရောက်လာသော တပ်သား ၁ ဦးကို ဆုငွေကျပ် ၁၀ သိန်းချီး မြှင့်

Must read

ကဝမြို့နယ် ခမရ ၅၅၉ မှ အလင်းဝင်ရောက်လာသော တပ်သား ၁ ဦးကို ဆုငွေကျပ် ၁၀ သိန်းချီး မြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ကဝမြိုနယ်တွင် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံလာသည့် ခမရ ၅၅၉ မှ စစ် ကောင်စီ တပ်သားတစ်ဦးကို ဆုငွေကျပ် ၁၀ သိန်းချီးမြှင့်ပြီး သွားလိုရာသို့ ဘေးကင်းစွာ ပို့ဆောင် ပေးလိုက်ကြောင်း Bago Region PDF က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၉ တပ်မှ တပ်သား ချစ်မင်းကို သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုကြောင်း ကဝမြိုနယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ကဝမြိုနယ်၊ ပကဖ)ကို ချိတ် ဆက်လာခဲ့သဖြင့် နွေးထွေးလှိုက်လှဲစွာကြိုဆိုပြီး ဆုငွေကျပ် ၁၀ သိန်းချီးမြှင့်ကာ ၎င်းသွားလိုရာသို့ ဘေးကင်းစွာ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အသုံးချခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ပျူစော ထီး)များ အနေဖြင့် အသက်၊ ဂုဏ်သိက္ခာကို ငဲ့ကွက်တန်ဖိုးထားပါက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် ခိုဝင်ကာ အမြန်ဆုံး အလင်းဝင်ရောက်ကြရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာ ကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace)ကို ချိတ်ဆက်ကာ ကူညီ စောင့်ရှောက်မှု များ ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

အလင်းဝင်ရောက်လာသော ပြည်သူ့ဘက်တော်သားများကို လှိက်လှဲစွာ ကြိုဆိုပြီး အသက် အန္တရာယ်မ ရှိ စေရန် အပြည့်အဝ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေး (ဆုချီးမြှင့်ခြင်း) ကို တတ်နိုင်သမျှ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း၊ သွားလိုရာနေရာသို့ ဘေးကင်းလုံခြုံစွာ ပိုဆောင်ပေးမည်ဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံပါက စစ်သုံပန်းဥပဒေများနှင့်အညီ စောင့် ရှောက်ပေးမည်ဖြစ်ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးနီးပါး ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်လာချိန်ဖြစ်ပြီး မိဘပြည်သူလူထုအနေဖြင့် စစ်ရေး သတိ၊ စစ်ရေးအသိဖြင့် သွားလာကြရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် ၎င်း တို့၏ထောက်တိုင် ပြည်သူ့ စစ်၊ ပျူစောထီးများနှင့် နီးကပ်စွာ နေထိုင်ခြင်းမျိုးကို လုံးဝ(လုံးဝ) မပြုလုပ် ဘဲ တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်ကွင်း သွားလာကြရန်နှင့် ၎င်းတို၏ သွားလာ လှုပ် ရှားမှုများကို တော် လှန် ရေးတပ်ဖွဲများထံ အချိန်နှင့်တပြေးညီ သတင်းပေးပို့၍ ပူးပေါင်းပါဝင်ပေးကြပါရန် ဆက်လက် ဖော် ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article