25 C
Yangon

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့အတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ရန် စစ်ဆေးမည်ဖြစ်၍ ဘဏ်တာဝန်ရှိသူများ ဆက်သွယ်ကြရန် NUG က ဖိတ်ခေါ်

Must read

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့အတွင်းရှိ ပုဂ္ဂလိက ဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ရန် စစ်ဆေးမည်ဖြစ်၍ ဘဏ်တာဝန်ရှိသူများ ဆက်သွယ်ကြရန် NUG က ဖိတ်ခေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့အတွင်း၌ ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဘဏ် တာဝန်ရှိ သူများ အနေ ဖြင့် အမြန်ဆုံး လာရောက် ဆက်သွယ်ပူးပေါင်းဆောင် ရွက်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့က ဖိတ်ခေါ်သည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ ခရိုင် ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုး သား ညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ငွေ ကြေး ဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် အများ ပြည် သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟို ဘဏ်၏ ကြေညာချက်အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပုဂ္ဂလိကဘဏ်အသီးသီး၏ တာဝန်ရှိသူများအနေဖြင့် ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အ မြန်ဆုံး လာရောက် ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသား ညီ ညွတ် ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ ကြေညာချက်အမှတ်(၁/၂၀၂၃)ပါ ညွှန်ကြားချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောလင်းခရိုင်၊ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အသိပေးကြေညာထားသည်။

ဓာတ်ပုံ- ကောလင်းရှိ ပုဂ္ဂလိကဘဏ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article