28.2 C
Yangon

လွိုင်ကော်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူ၊ မူဆယ်တွင်လည်း စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသားတစ်ဦး ထိမှန်

Must read

လွိုင်ကော်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူ၊ မူဆယ်တွင်လည်း စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသားတစ်ဦး ထိမှန်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာမှ လက်နက်ကြီးကျည် တစ်လုံးသည် လွိုင်ကော်မြို့၊ ဥတ္တရာရုံကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း၊ လက်နက်ကြီးကျည်ထိမှန်၍ ကိုရင် ၂ ပါး ပွဲချင်းပြီး ပျံလွန်တော်မူကြောင်း သိရှိရသည်။

“ကိုရင်တစ်ပါးက အခန်းထဲမှာ ပျံလွန်တော်မူတယ်။ အခြားကိုရင်တစ်ပါးက တံခါးမကြီးနားမှာ ရှိနေတုန်း အပေါ်က လက်နက်ကြီးကျလာတော့ လွင့်ထွက်သွားတာ။ ၂ ပါးလုံး ပွဲချင်းပြီး ဆုံးပါတယ်။” ဟု ဒေသသတင်းရင်းမြစ်ရှင်းပြသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် တပ်စခန်းက ယနေ့ နံနက် ၉ နာရီ ၀၇ မိနစ် အချိန် မန်ဟန်ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နေအိမ်ထိမှန် ပျက်စီးပြီး အမျိုးသား ၁ ဦး ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လွိုင်ကော် ၊ ဥတ္တရာရုံကျောင်းတိုက်တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် ကိုရင် တစ်ပါး ပျံလွန်တော်မူနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article