ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်၍ လေကြောင်းရန် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရန်ကုန်၊ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၉၇၀ရက်မြောက်နေ့အဖြစ် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ပြီး သပိတ်တွင် လူထုကို လေကြောင်းရန် ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

