36 C
Yangon

တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် တော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲကျင်းပ

Must read

တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် တော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးအတွက် Phoenix F.Cနှင့် RAM မှ ဦးစီးကျင်းပသော တော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် နွေဦးတော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေထောက်ပို့နိုင်ရန် ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် စွမ်းနိုင်ရာဖြင့် ပါဝင်သင့်ပြီး ယခုအချိန်ဟာ ပေါင်းစည်းခြင်း၊ညီညွတ်ခြင်း၊ချိတ်ဆက်ခြင်းများအဓိကထားကာ တော်လှန်ရေးပြီးဆုံးသည့်အထိပါဝင်ဆင်နွှဲကြပါရန် ဒယ်ဂူးဘုန်းဘုန်းမှအဖွင့်အမှာစကားပြောကြားကာ အရေးတော်ပုံအောင်ရမည်​လက်သုံးချောင်းထောင်ကာ ကြွေးကြော်ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article