28 C
Yangon

ရေစကြိုရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ ၊ ကျောက်ထုနှင့် ပခုက္ကူတွင် စစ်ယာဥ်တန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရေစကြိုရှိ စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ ၊ ကျောက်ထုနှင့် ပခုက္ကူတွင် စစ်ယာဥ်တန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ပခုက္ကူ – ရေစကြို လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်အို စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ Urban Underground Revolution Force- YSO နဲ့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ကျောက်ထုမြို့နှင့် ပခုက္ကူမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ဂိတ်စခန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူ PDF တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်ထုမြို့မှ ပခုက္ကူကို ဆင်းလာသော စစ်ယဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက Rocket ၁၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို The Red Revolters (Pakokku)၊ N-YSO၊ သံမဏိသိမ်းငှက်၊ MVRF ပခုက္ကူတပ်ရင်း (၆)၊ Pakokku Special Task Force၊ ပခုက္ကူ (ပ.က.ဖ) ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နှင့်အတူ ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ (၂) မှ Shwe Nyar Myae PDF၊ Young Force (UG)၊ Pakokku Underground Force၊ Pakokku Ranger၊ Black Cobra Forces Pakokku၊ Thu Rain-TR Pakokku၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (တပ်ခွဲ -၁)၊ Special Task Force (STF)၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပြည်သူ့အားမာန် (PDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article