ငါန်းဇွန်တွင် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၂
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာကို ဝင်ရောက်လာသည့် စစ်သားများ လိုက်ပါလာသော ထော်လာဂျီကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ ထွေလာဂျီ အနီးရှိ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့နှင့် ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
