မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး၊ စစ်တပ်က ကျေးရွာကို လက်တုံ့ပြန်မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး) – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်က မန္တလေးမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးပြီး အကြမ်းဖက် စစ် သား၊ ပျူစောထီး အင်အား ၅၀ ခန့်ဖြင့် တပ်စွဲ ထားသော မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာရှိ အထိုင်ချ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ဦး၊ ပျူစောထီး ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းသိမ်းမည့်အခြေအနေအနေ တွင် မန္တလေးဘက်မှ စစ်ကားအကြီး ၄ စီးဖြင့် ရောက်ရှိလာခြင်း၊ လက်နက်ခဲယမ်းကျည် မလုံလောက် ခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“သေတာများတော့ ပွဲပြီးကတည်းက သုံးဆယ်ပေးရွာကို မီးရှို့နေတာ၊ မနေ့ညကအထိပဲ၊ ဘေးရွာက ပြည်သူတွေကို ဓားစာခံလုပ် ဖမ်းထားပြီးတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ် နေတယ်၊ အဲဒီရွာမှာ စစ်ခွေးတွေတပ်စွဲထားတာက ကြာပြီဗျ၊ ရွာထဲမှာ ပြည်သူအချို့လောက်ပဲနေတာ၊ သုံးဆယ်ပေးရွာက ကုန်းကြောင်းရော၊ ရေကြောင်းရော သင့်တော့ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးရင် အဲဒီရွာကနေပဲ စစ်ကြောင်းထွက်တာ၊ တိုက်ပွဲချိန်ကတော့ ၁ နာရီလောက်ကြာခဲ့ တယ်၊ မိုးကလည်းရွာနေထဲကြားထဲက တိုက်ခိုက်ခဲ့တာ” ဟု ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက် ကျား တပ်ဖွဲ့(မန္တလေး) – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး) – Generation Z Power ၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ ပုသိမ်ကြီး ပကဖ၊ မတ္တရာ ပကဖ၊ Thunderbird LDF ၊ BRA ၊ ကောင်း ကင်တော်လှန်ရေးအင်အားစု နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကူရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက သုံး ဆယ်ပေးကျေးရွာရှိ ပြည်သူ့နေအိမ်များကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်းအထိ မီးရှို့ ဖျက်ဆီး ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့အပြင်အနီးအနားကျေးရွာ များမှ ပြည်သူများကို ဓားစာခံဖမ်းဆီးထားကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
