27 C
Yangon

မြင်းခြံနှင့် မုံရွာမြို့နယ်တို့တွင် စစ်ကြောင်းနှင့် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး ၊ စစ်တပ် က ပြည်သူ ၄ ဦးကို သေနတ်ဒင်ဖြင့် ထု၍ သတ်ဖြတ်

Must read

မြင်းခြံနှင့် မုံရွာမြို့နယ်တို့တွင် စစ်ကြောင်းနှင့် မိုင်းရှာနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး ၊ စစ်တပ် က ပြည်သူ ၄ ဦးကို သေနတ်ဒင်ဖြင့် ထု၍ သတ်ဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရန္တပိုရွာနှင့် ကိုင်းရွာကြားတွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ကိုင်းရွာစခန်းကို အင်အားဖြည့်တင်းရန် ရန္တပိုရွာမှ ခြေလျင်ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ပြည်သူ့ကားတစ်စီးကို ချောဆွဲကာ သေဆုံးတပ်သား အလောင်းများကို သယ်ယူပြီး ကျား တိုင်းရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

“ကိုင်းရွာဘက်ကို အင်အားဖြည့်ဖို့လာတာဗျ၊ မနေ့ကမှ ထွက်လာတာ၊ မိုင်းဆွဲခံရပြီးတော့ ညောင်တို ဘက်ပြန်လှည့်ပြီး ကားနဲ့အလောင်းတွေ သယ်သွားတာ၊ ကျားတိုင်းရွာဘက်ကို ပို့တယ်လို့ ယူဆရတယ်၊ ခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရပြီးတော့ ကားကို ချောဆွဲလာတာ၊ မိုင်းဆွဲလိုက်တဲ့နေရာမှာ သွေးကွက် တွေ တွေ့တယ်လို့ ရဲဘော်တွေက ပြောပြတယ်” ဟု ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myingyan Pitohui – 9 ၊ PDF Taloke နှင့် နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ခရီးသွားပြည်သူများနှင့် ကားများကို ဒိုင်းကာ အဖြစ်အသုံးပြုပြီး မိုင်းဖော်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင်တစ်ဦးသေဆုံးခဲ့ကြောင်း Special Force- 11 PDF တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၂၂ မိနစ်က မုံရွာမြို့နယ်၊ တောပုရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများသည် မုံရွာ-မန္တလေးလမ်းမပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်း၌ မိဘပြည်သူများ၏ ကားများကို ဖမ်းဆီး၊ ဆက်ကြေးကောက်၊ ဒိုင်းကာအဖြစ် အသုံးပြုကာ မိုင်းများကို ဖော်ယူနေသည့် ပျူစောထီးများကို လမ်းခုလပ်တနေရာ၌ ပဒေသာမိုင်း ၄ လုံး တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူ စောထီးခေါင်းဆောင် စောမြင့်လင်းမှာ မိုင်းထိဒဏ်ရာဖြင့် နေရာမှာပင်သေဆုံးသွားပြီး ပျူစောထီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပျူစောထီး စောမြင့်လင်းခေါ် ပျူဗိုလ်စောကတော့ နေရာမှာပင် သေဆုံးသွားတယ်ဗျ၊ ကျန်ပျူစောထီး ဂျီးထူကတော့ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရတယ်လို့ သိရတယ်၊ မိုင်းဆွဲတိုက်ပြီးနောက် နောက်တစ် ရက်မှာ တောပုရွာက ပျူတွေနဲ့ စွမ်းရည်ထက် အထိုင်ချထားတဲ့ စစ်ခွေးတွေပေါင်းပြီး ပုရစ်ကုန်းရွာကို မီးရှို့သွားတယ်၊ အပြစ်မဲ့ပြည်သူ ၄ ဦးကိုလည်း သေနတ်နဲ့ခေါင်းတွေကိုထုပြီး သတ်သွားတာ” ဟု Special Force- 11 PDF တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Special Force-11(PDF) ၊ MONYWA DYNAMITE ၊ မြောင်မြို့နယ်တော် လှန်ရေးတပ်(MRA)နှင့် Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပုရစ်ကုန်းကျေးရွာအတွင်း ဝင် ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ်များ၊ ကြာဇံစက်များ မီးလာင်ပြာကျခဲ့ပြီး ပုရစ်ကုန်း မြောက်ရွာမှ အမျိုးသားတစ်ဦးနှင့် တောင်ငူမြို့နယ်မှ ကြဇံစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမား ၃ ဦးစုစုပေါင်း ၄ ဦးကို အကြမ်းဖက်စစ်သားများက သတ်ဖြတ်ခဲ့ကြောင်း၊ ကြာဇံစက်ရုံအလုပ်သမား ၃ ဦးကို မိသားစုံအကြောင်းကြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဒေသနေပြည်သူများက ညတွင်းချင်း သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article