24 C
Yangon

ရေဦးမြို့နယ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ဘက်ကို စစ်ကူရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ဖိန်းကား၊ ရွာသစ်၊ အုန်းနှဲပေါင်း၊ ဗိုလ်ရုံ၊ ပန်းကုံး၊ ဆပ်သေ၊ အင်တောနှင့် ဇီးကန် စသည် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

” ဒီနေ့ မွန်းလွဲပိုင်းမှာ ရေဦးကနေ တန့်ဆည်ကို စစ်ကူပေးဖို့ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက ရေဦးနယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကျေးရွာ ၈ ရွာကျော်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်။ မုတ်စီနဲ့ မူးဆုံမှာ အထိုင်ချ တပ်စွဲခဲ့တဲ့ စစ်ခွေးတွေလည်း မနက်ပိုင်းက ရေဦးကနေ ကား ၄ စီးနဲ့ လာခေါ်သွားပြီး အခုထွက်လာတဲ့ စစ်ကြောင်းနောက်ကို ထပ်ဖြည့်ပေါင်းထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညပိုင်းတွင် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ဗိုလ်ရုံရွာနှင့် ဖိန်းကားရွာ အနီးဝန်းကျင်၌ တပ်ဖြန့်ကာ အထိုင်ချ တပ်စွဲနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article