24 C
Yangon

တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး တိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင် မြင့်အောင်အပါအဝင် ၅ ဦးအရှင် ဖမ်းမိကာ ခုခံထွက်ပြေးစဉ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မန်မော်ကျေးရွာတွင် စစ်သား ၃ ဦး မိုင်းထိသေ

Must read

တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီး တိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင် မြင့်အောင်အပါအဝင် ၅ ဦးအရှင် ဖမ်းမိကာ ခုခံထွက်ပြေးစဉ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မန်မော်ကျေးရွာတွင် စစ်သား ၃ ဦး မိုင်းထိသေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာအနီးတိုက်ပွဲတွင် ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်း ဆောင်မြင့်အောင်အပါအဝင် ၅ ဦးအရှင်ဖမ်းမိခဲ့သော်လည်း ခုခံထွက်ပြေးသဖြင့် ပျူစောထီး ၂ ဦးမှာ ပစ်ခတ်ခံရ၍ သေဆုံးသွား ကြောင်း တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြား သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ တမူးမြို့နယ်၊ ကြံ့ဖွတ်လွှတ်တော်အမတ်ဟောင်း ပျူစောထီးခေါင်း ဆောင် မြင့်အောင်အပါအဝင် အကြမ်းဖက်စစ်သား ၅၀ နှင့် ပျူစောထီး ၁၅ ဦး ပူးပေါင်းစစ်ကြောင်းက ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ရှေ့တန်းစခန်းကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဝင် ရောက်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နောက်ဆုတ်ပေးခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက် နေ့ တွင် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး အများအပြား ထိခိုက်ဒဏ် ရာ ရရှိကြောင်း၊ ပျူခေါင်းဆောင် မြင့်အောင်အပါအဝင် ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“မြင့်အောင်တို့က တိုက်ပွဲတွင်းမှာ မိတာ၊ အင်အား ၅၀ နဲ့ ပျူစောထီး ၁၅ ယောက်ပါတယ်လို့ စစ်ချက် အရ သိရတယ်၊ အဲဒီမှာ စစ်ခွေးတွေက အလွတ်ရုန်းသွားတယ်၊ ပျူစောထီးတွေက ကျန်ခဲ့တာ၊ သူတို့ အထိတော်တော်နာတယ်၊ အလောင်းတွေလည်း မကောက်နိုင်သေးဘူး၊ မန်မော်ကျေးရွာဘက်မှာပေါ့၊ ဖြစ်စဉ်ကတော့ ထန်းတပင်ဘက်မှာဖြစ်တာ၊ သူတို့က ကျနော်တို့ ယူထားတဲ့ နေရာကို လာတိုက်တယ်၊ ကျနော်တို့က နောက်ကို ဆုတ်လိုက်တယ်၊ တစ်ယောက်မှ အထိအခိုက်မရှိဘူး၊ နောက်တစ်ရက်မှာကျ နော်တို့က စစ်ကြောင်းပြန်ထိုးပြီး လုံးပစ်လိုက်တယ်၊ လုံးတော့ လက်နက်တွေလည်းရတယ်၊ လူတွေ လည်းအရှင်တွေမိတယ်၊ ဖြစ်စဉ်ကတော့ အဲဒါပဲ၊”ဟု တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ကြံ့ခိုင်ရေးအမတ်ဟောင်းမြင့်အောင် အပါအဝင် ပျူစောထီး ၃ ဦးကို စစ်ကောင်စီထံတွင် အလင်းဝင် ရောက်ခဲ့သည့် PDF နှစ်ဦးက သတ်ဖြတ်ခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း၊ တမူးမြို့နယ်၊ PDF တပ်ရင်း ၁ မှ ထွက်ပြေးကာ စစ်ကောင်စီထံခိုလှုံသွားသည့် ရဲဘော်တစ်ဦးကိုလည်း ယင်းတိုက်ပွဲအတွင်းတွင် ပျူစောထီးများဘက်မှ ပါဝင်တိုက်ခိက်စဉ် ဖမ်းဆီးရရှိထားကြောင်း၊ အဆိုပါ စစ်ကောင်စီထံ အလင်းဝင်ရောက်ခဲ့သော PDF ရဲဘော်မှာ တိုက်ပွဲအတွင်း ကျည်ဒဏ်ရာရရှိပြီး သေနတ်ကို လယ်ကွင်းအတွင်း၌ ဖွတ်ထားကာ ပြေးမိပြေးရာ ပြေးခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“အလင်းဝင်သွားတယ်ဆိုတဲ့ ကလေးက ကျည် ဒဏ်ရာမှန်နဲ့ဗျ၊ မှန်ထားပြီတော့ သေနတ်ကို လယ်ကွင်း ထဲမှာ ဖွတ်ထားခဲ့တာ၊ ပြေးမိပြေးရာ ပြေးတော့ တာ၊ ပြေးတော့ ကျနော်တို့ တည့်တည့်မတ်မတ် ဆိုက် ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာ၊ ရောက်လာ တော့ သေနတ် ထောက်ပြီး ပြန်မေးတော့ ကျည်ဒဏ် ရာနဲ့ ဆိုတော့ အဲဒီကလေးကလိမ်တယ်၊ ငါးမျှား လာ တာပေါ့၊ တိုက်ပွဲဖြစ်ရင်းနဲ့ ကျည်မှန်တာ လိမ် တော့ ကျနော်တို့က တောက်လျှောက်စစ်မေးတော့မှ သူလက်နက်ကိုင်ထားတယ်၊ လက်နက်ကိုလည်း ဖွတ်ထားတယ်ပေါ့၊ အဲကလေးက တမူး PDF တပ်ရင်း ၁ ထဲကနေ ထွက်ပြေးသွားတာပေါ့၊ ထွက်ပြေး သွားပြီးတော့ ပျူစောထီးထဲကို ပါသွားတာ၊ ကျနော်က အဲဒီကလေးကို သေချာမေးတယ်၊ ကျနော်ကိုယ် တိုင်မေးတာ၊ အဲဒီကလေးက ခေါ်ခဲ့ တာလည်း မဟုတ်ဘူး၊ အဲဒါကို စစ်လော်ဘီတွေက ဝါဒဖြန့်တာ၊ အဲဒီ အလင်းဝင်သွားတဲ့ PDF ရဲဘော်က ပျူစောထီး မြင့်အောင်အဖွဲ့ထဲရောက်သွားတာ။ မြင့်အောင်ဆိုတာက ပျူစောထီး ခေါင်းဆောင် အကြီးပိုင်းတွေပေါ့၊ လောလောဆယ် မြင့်အောင်ကို ကျနော်တို့ ထိန်းထားတယ်၊ ကျနော် တို့လက်ထဲမှာပဲ ရှိသေးတယ်” ဟု တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ အရှင်ဖမ်းမိသူများအနက် ထွက်ပြေးသွားပြီး ပြန်လည် ခုခံတိုက်ခိုက်ရန် ပြုလုပ်သူ ပျူစောထီး ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် တမူးမြို့အနီးရှိ စစ်တပ် တပ်စွဲထားရာနေရာများဖြစ်သည့် ၄ မိုင်၊ ထန်းတပင်၊ မန်မော် တို့တွင် တိုက် ပွဲပြင်းထန်နေပြီး မန်မော်ကျေးအတွင်းတွင်လည်း စစ်သား ၃ ဦး မိုင်းသေဆုံးသွားကြောင်း၊ စစ်သားအလောင်း ၃ လောင်းကို ယနေ့အချိန်အထိ လာရောက်ကောက်ယူခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article