26 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူး ပြောက်ကျားတပ်-NYSGF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ရန္တဘိုကိုင်း ကျေးရွာအနီး အကြမ်းဖက် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို မိုင်းကွင်းထဲ အရောက်တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး သေဆုံးသွားသော စစ်သား အလောင်းများကို Faw ကားဖြင့် လာရောက် ကောက်ယူ သယ်ဆောင်သွားကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး ၄ ကောင်သေတာ အတည်ပြုနိုင်ပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု နောင်ရိုးအထူး ပြောက်ကျားတပ်-NYSGF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၆) တပ်ရင်း တပ်ခွဲ (၁) နောင်ရိုးအထူး ပြောက်ကျားတပ်-NYSGF နှင့်တကွ မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း Taloke-PDF၊ MyinGyan MP-9၊ ရွှေ ဂျိုးဖြူ မဟာမိတ်အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့​ Young Force – UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ ကမ္မရဲစခန်း၊ ညောင်ဂျစ်ပင် ပျူစောထီး ဂိတ်နှင့် ကျတ်ထိုး ရဲစခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု​အတွင်း ကမ္မမြို့ရဲစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ကျန်နေရာ ၂ ခုတွင် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ MRTF (မြိုင်) နှင့် ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ ၂ မှ Black Cobra Force Pakokku ၊ Thurain-TR Pakokku ၊ Young Force-UG တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article