29 C
Yangon

တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ခိုလှုံခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၉ ရက်နေ့က ကံထူးမနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့အတွင်း ဖိနှိပ်မှုဒဏ်ကို မခံစားနိုင်သဖြင့် G4 သေနတ်တစ်လက်၊ ကျည်အတောင့် ၂၀၀ နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ နွေးထွေးစွာ ဆက်ဆံကြိုဆိုသည့် အပေါ်ဝမ်းသာမိကြောင်း၊ ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့သည့်မှ အချိန်နောက်ကျခဲ့သော် လည်း ယခုလိုပြုလုပ်ခဲ့မိသည့်အပေါ် ပျော်ရွှင်မိသည်ဟု အလင်းဝင်ရောက်ခဲ့သူ ရဲတပ်သားက ပြော ဆိုခဲ့ ကြောင်း သိရသည်။

“သူထွက်လာခဲ့ စခန်းထဲမှာတော့ ဘယ်အချိန်သေရမလဲ စောင့်နေကြရတယ်၊ မိသားစုအရေး၊ မိသားစုပြ သနာတွေနဲ့ CDM မလုပ်နိုင်သေးတဲ့သူတွေလည်း အများကြီးရှိသေးတယ်လို့ ပြောတယ်၊ ကျနော်တို့ တပ်ရင်း အနေနဲ့ကတော့ သူစိတ်တိုင်းကျပဲ သူဖြစ်တဲ့ဟာကို အနီးစပ်ဆုံးဖြစ်အောင် လုပ်ပေမယ်လို့ ကတိပြုထားတယ်၊ ဆုငွေလည်းပေးဖို့အစီအစဉ်ရှိပါတယ်ဗျ၊” ရွှေဘိုခရိုင်တပ်ရင်း ၁၄ မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ အလင်းဝင်ရောက်လိုသူများအနေဖြင့် ရွှေဘိုခရိုင်တပ်ရင်း ၁၄ ကို ဆက်သွယ်နိုင်ပြီး အလင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်သား၊ ရဲများကို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article