27 C
Yangon

လားရှိုးတွင် စစ်ကူလာသော စစ်သားများကို TNLA က တိုက်ခိုက်မှု သေနတ် ၃ လက်ရရှိ၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများကို လေ​ကြောင်းမှ ဗုံးကျဲနေ

Must read

လားရှိုးတွင် စစ်ကူလာသော စစ်သားများကို TNLA က တိုက်ခိုက်မှု သေနတ် ၃ လက်ရရှိ၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများကို လေ​ကြောင်းမှ ဗုံးကျဲနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် စစ်ကူလာသော စစ်သားများကို TNLA က တိုက်ခိုက်ရာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် သိန္နီဘက်မှ စစ်ကူလာသော အကြမ်းဖက် စစ်သားများကို လားရှိုးမြို့နယ်၊ နမ့်တွန်ကျေးရွာ အနီး၌ တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း လက်နက် ၃ လက် သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၆ နာရီခန့်တွင် လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်တပ်က Y12 ဖြင့် ၂ ကြိမ် ဗုံးကျဲချပြီး Jet Fighter ဖြင့် ၅ ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်းကို MiG-29/YAK-130 လေယာဥ်ဖြင့် စစ်တပ်က ၄ ကြိမ် လာရောက် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article