25 C
Yangon

လောက်ကိုင်တွင် စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံး

Must read

လောက်ကိုင်တွင် စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံးကြောင်း MNDAA က ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကိုးကန့်လောက်ကိုင်၊ တုန်ချိန် ဒေသတွင် မောင်းနှင်နေသော စစ်ဘေးရှောင်ပြည်သူများ၏ ကားသည် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ထိ မှန်ပြီး ပေါက်ကွဲမှုကြောင့် ကားပေါ်ရှိဒုက္ခသည်အားလုံးသေဆုံးခဲ့ရကြောင်း၊ သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိကြောင်း သိရှိရသည်။

MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက အဆိုပါ လက်နက်ကြီးဒုံးကျည်သည် ကိုးကန့်အဖွဲ့က ပစ်ခတ်ခြင်း မဟုတ်ဘဲ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)က ပစ်ခတ်ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။ စစ်တပ်ဘက်ကမူ MNDAA က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ စစ်ဘေးရှောင် ပြည်သူများ သေဆုံးသည်ဟု တန်ပြန်တုံ့ပြန်လျက်ရှိသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပါစင်ကျော်တွင် ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article