33 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေ့ကျင့်ရေး ၈ မှ ထွက်လာသည့် သံပြားကာကား ၃ စီးနှင့် ဒိုင်နာ ၁ စီးသည် ရွှေဘိုမြို့ တောင်ဘက်မုဒ်ဦးတွင် စစ်သား ၁၀၀ ခန့်ချထားခဲ့ပြီး ရွှေဘို-မန္တလေး လမ်းအတိုင်း မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှစ၍ ခြေလျင် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာ အနီးအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်ထောင်ထားသော ရှေ့ထွက်မိုင်း ၂ လုံး ပွိုင့် ၁ ပွိုင့်၊ ပဒေသာမိုင်း ၅ လုံးပွိုင့် ၂ ပွိုင့် တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်သား ၃ ဦး၏ အလောင်းကို နာရေးကားဖြင့် သယ်ယူသွားပြီး ရွှေဘိုမြို့၊ ဥသျှစ်ကန်သုသာန်၌ ချက်ခြင်း သဂြိုလ်ခဲ့ကြောင်း ဒဏ်ရာရ စစ်သားများကို လေ့ကျင့်ရေး ၈ အနီးရှိ ဆေးခန်းတွင် ဆေးကုသမှုပေးနေရကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊အုန္နဲဘုတ်ကျေးရွာ၌ တစ်ညတာ တပ်စွဲပြီး ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စိုင်နိုင်ကွေ့ရှိ စစ်တပ်စခန်းကို ဝင်ရောက်သွားကာ မွန်းလွဲပိုင်းက စတင်ပြီး စိုင်နိုင်ကွေ့တောင်ဘက်ရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်မြို့နယ်) မှ ဦးဆောင်၍ စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ရွှေတြိဂံ-ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article