20 C
Yangon

အောင်လံနှင့် စစ်ကိုင်း မြို့နယ်တို့တွင် စစ်ကြောင်းနှင့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး

Must read

အောင်လံနှင့် စစ်ကိုင်း မြို့နယ်တို့တွင် စစ်ကြောင်းနှင့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သံကုတင်ကျေးရွာနှင့် ဘင်ဟုန်ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က အေင်လံမြို့နယ်၊ တလုတ်ပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ အင်သံကုတင် ကျေး ရွာဘက်သို့ ဝင်ရောက်လာသောအကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်း ဖက်စစ်ကောင်စီတပ်သားများက သံကုတင်ကျေးရွာရှိ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သံကုတင်ကျေးရွာမှ တဆင့် ဘင်ဟုန်ကျေးရွာသို့ ဝင်ရောက်ရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တိုက်မိုင်းများမိပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး ကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ အများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု ကြောင့် ချက်ချင်းပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“တလုပ်ပင်ကျေးရွာ စစ်ဆေးရေးဂိတ်ကနေ အရှေ့ဘက် အရပ်ကို စစ်ကြောင်းထိုးလာတာပါ၊ အင်အား မမျှလို့ မိုင်းပဲ သုံးပြီးတိုက်ခိုက်ခဲ့တာ၊ ရွာပြာကျတဲ့ပုံနဲ့ စစ်ခွေးသေလို့ မြှုပ်ထားခဲ့တဲ့အလောင်းတွေတော့ မတွေ့ရသေးဘူး၊ ပြီးခဲ့တဲ့ ၃ လလောက်ကတော့ အဲလိုပဲ တောထဲမှာ မြှုပ်ထားခဲ့ပြီး ပြန်လာဖော်ကြတာ၊ အခုလည်း သံကုတင်ကနေ ဘင်ဟုန်ဆင်းကြားတော့ ထမ်းပိုးလာတာ မပါဘူးလို့ သိရတော့ မြှုပ်ထားခဲ့ တာဖြစ်နိုင်တယ်၊” ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် PDF တပ်ရင်း ၂ နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ်သားများကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ လမ်းပေါ်တွင် ပြည်သူများကို လက်နက်ပြ အတင်းအဓမ္မငွေကြေးတောင်းခံနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရှေ့ ထွက် မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးမိုင်းစထိမှန်လွင့်စင်သွားပြီး အပြင်းအထန် ထိ ခိုက်ဒဏ်ရာရရှိကာ သေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း၊ Ground Fighter PDF နှင့် တိုက်နယ်စွန် PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article